Friday, April 3, 2009

မီးလေး ပြောချင်တယ်

မေမေတို့ခေါ်တဲ့ ပဲဖြူလေးဆိုတာ မီးလေးနားလည်နေတယ်၊မီးလေးကဖြူလို့ဝလို့တဲ့..၊
မီးလေး လူ့ဘဝထဲေ၇ာက်လာတာ ၇ှစ်လ၇ှိပြီဆိုလားဘဲ..။လူကြီးတွေလို မီးလေးလဲ လမ်းလျှောက်ချင်လှပြီ၊
ခုတော့လေးဘက်တွားဘဲ သွားနှိုင်သေးတာ အားမ၇ဘူး။
တခါတခါသွား၇င်းနဲ့ ဒူးတွေကနာလာလို့ နားနားပြီးသွားနေ၇တယ်၊ဟော သွား၇င်းနဲ့ေ၇ှ့မှာဖြူဖြူ
ဝိုင်းဝိုင်းလေး..မီးလေးသိသလိုလို မသိသလိုလိုနဲ့ ကိုင်ကြည့်၇င်း ပါးစပ်ထဲကောက်ထဲ့ချင်စိတ်တွေဖြစ်လာ
လို့ သိတ်စဉ်းစားမနေဘူး..ဝါးကြည့်လိုက်တယ်၊၇ဘူး..အင်း..မြှိုချလိုက်ပြီ အေးေ၇ာ။
မေမေကပြောတယ် မီးလေးက ကံကောင်းတယ်တဲ့၊ဒီတိုက်ကြီးဆောက်ပြီးမှ မီးလေးကိုမွေးတာတဲ့၊
မမတို့ကိုကိုတို့တုန်းကဆို ပျဉ်ထောင်အိမ်လေးဘဲ၇ှိသေးတယ်တဲ့၊ကံမကောင်းတာတခုက မေမေ့ဆီမှာ
မီးလေးအတွက် နို့မထွက်တော့ဘူး၊မမနဲ့ကိုကိုက လောဘကြီးလို့လား ဟင်...။
အဲဒီဖြူဖြူလေးကို မြှိုချပြီး လည်ချောင်းထဲမှာနေလို့မကောင်းဘူး၊မီးလေးဘာစားစား သိတ်မြှိုမကျ
လို့ မီးလေးသိတ်ကြိုက်တဲ့နို့ဘူးကိုတောင် ကြောက်လာတယ်၊အန်အန်နေ၇တာ မောလွန်းလို့ပါမေမေ၇ယ်၊
မေမေ..မီးလေးလေ အသက်လဲ၇ှုလို့မဝဘူး သိလား၊မေမေ၇ဲ့ စိတ်ပူနေတဲ့မျက်နှာကို မီးလေးတွေ့နေ၇တယ်
မီးလေးအသားတွေပြာနှမ်းလာလို့တဲ့။
ဘာဆေးတွေလဲမသိဘူး မီးလေးသောက်နေ၇ လိမ်းနေ၇တယ်၊အသက်၇ှူလို့တခါတခါမ၇ဘူးမေမေ၊
မီးလေးအ၇မ်းမောတယ်၊ဘာတွေဖြစ်နေလဲဆိုတာမီးလေး မသိဘူး၊မေမေတို့လဲမသိကြဘူးလား၊မေမေေ၇...
မီးလေးငိုဖို့တောင်အားမ၇ှိတော့ဘူး။
ငါး၇က်မြောက်နေ့၇ှိပြီတဲ့၊ဘယ်လိုမှမ၇လို့..ဝင်းကျယ်ကျယ်ထဲကတိုက်ဖြူဖြူကြီးတွေဆီခေါ်သွားတယ်၊
အဝတ်ဖြူဖြူနဲ့ လူကြီးတယောက်က မီးလေးကို သေချာကိုင်တွယ်ပြီး စမ်းသပ်နေတယ်၊မေမေကိုလဲမေးလိုက်
တာ အစုံဘဲ၊မေမေ ကခေါ်တာကတော့ ဒေါက်တာဆိုလား..၊ခါတိုင်းသာဆို မီးလေးမသိတဲ့ လူကြီးတယောက်
က ဒီလိုလာထိလို့ကတော့ အာခေါင်ခြစ်ပြီး အော်ငိုပြီးသားဘဲ။
ခုတော့လေ..မီးလေးငိုဖို့နေနေသာသာ မီးလေးကိုကယ်ပါဦး လို့သာပြောချင်တာပါ၊မီးလေး၇ဲ့မျက်ဝန်း
ထဲကစကားတွေကို ဒီဦးဦးသိ၇င် သိတ်ကောင်းမှာ..၊စမ်းသပ်ပြီးချက်ခြင်းဆိုသလိုဘဲ မီးလေးပါးစပ်ထဲကိုဘာ
တွေလုပ်မှန်းမသိ၊မီးလေးလဲအန်တယ် အန်တယ်၊ခံစား၇ခက်တယ်မေမေ။
သိတ်မကြာဘူး အဲဒီဦးဦးက မီးလေးခြေနှစ်ချောင်းကိုကိုင် မီးလေးကိုဇောက်ထိုးထားပြီးခါချနေလိုက်
တာ..ကြောက်လွန်းလို့ငိုတာ မီးလေးအသံတွေ ဆူညံနေတာဘဲ၊အဲဒီမှာဘဲ ဘာကြီးမှန်းမသိ ပွစိစိကြီးထွက်ကျ
လာတယ်..မေမေဆိုတာ မျက်၇ည်တွေတောင်ကျတယ်၊ဝမ်းသာလွန်းလို့လေ..။
မီးလေးလဲပြောတတ်၇င် အ၇မ်းပြောချင်ပါတယ်၊ကျေးဇူးတင်လိုက်တာ ဦးဦး၇ယ်..လို့၊ ခုဆို၇င်မီးလေး
လည်ချောင်းထဲမှာ ဘယ်လိုမှမခံစား၇တော့ဘူး။မီးလေ အသက်၇ှုလို့လဲဝပြီ.၊လောလောဆယ်မှာတော့ မီးလေး
ပင်ပန်းလွန်းလို့ အ၇မ်းအိပ်ချင်နေပြီ..အိပ်ပါ၇စေတော့ဦးဦးေ၇..နော်...။

1 comment:

  1. စာလာဖတ်သွားပါတယ်........ ဆက်မရေးဘူးလား

    ReplyDelete